ဆာဗာ Power စီမံခန့်ခွဲခြင်းနှင့် OS အသစ်ပြန်တင်နည်း
SM Synergy Cloud Client Console မှတစ်ဆင့် သင့်ဆာဗာများကို မည်သူ့ကိုမျှ စောင့်ဆိုင်းရန်မလိုဘဲ ၂၄ နာရီပတ်လုံး ကိုယ်တိုင် အချိန်မရွေး ထိန်းချုပ်မောင်းနှင်နိုင်ပါသည်။
Power ထိန်းချုပ်ခလုတ်များ
- Reboot (Soft Restart): ဆာဗာ OS စနစ်အား ပုံမှန် အစီအစဉ်တကျ restart ပြုလုပ်ပေးပါသည်။
- Power Off: စနစ်အတွင်း Run နေသော service များကို ဘေးကင်းစွာ ရပ်တန့်ပြီး ဆာဗာကို ပိတ်ပေးပါသည်။
- Force Power Off: ဆာဗာ စက်ဟန်းသွားချိန်တွင် မီးခလုတ်တိုက်ရိုက်ပိတ်သကဲ့သို့ ချက်ချင်း အတင်းအကျပ် ပိတ်ချခြင်း ဖြစ်ပါသည်။
OS အသစ် ပြန်လည်တင်သွင်းခြင်း (Reinstall OS)
သတိပြုရန်: OS ပြန်တင်ပါက လက်ရှိဆာဗာ Hard Disk ထဲရှိ Data များအားလုံး ပျက်ပြယ်သွားမည်ဖြစ်သောကြောင့် အရေးကြီးဖိုင်များနှင့် Database များကို ကြိုတင်ပြီး Backup ပြုလုပ်ထားရန် လိုအပ်ပါသည်။
- Client Area > Services သို့ သွားရောက်ပြီး သင့်ဆာဗာကို ရွေးချယ်ပါ။
- ဆာဗာ စီမံခန့်ခွဲမှု ခလုတ်များထဲမှ Rebuild / Reinstall OS ကို နှိပ်ပါ။
- မိမိအသုံးပြုလိုသော OS စနစ်ကို ရွေးချယ်ပါ (Ubuntu, Debian, AlmaLinux သို့မဟုတ် Windows Server)။
- အတည်ပြုပေးလိုက်ပါက ၂ မိနစ်မှ ၅ မိနစ်အတွင်း အလိုအလျောက် သန့်စင်သော OS စနစ်သစ်ကို ရရှိမည်ဖြစ်ပါသည်။
