ငွေပေးချေမှု နည်းလမ်းများနှင့် ဘေလ်အတည်ပြုခြင်း
မြန်မာနိုင်ငံတစ်ဝန်းရှိ လုပ်ငန်းရှင်များနှင့် သုံးစွဲသူများအတွက် ငွေပေးချေမှု လွယ်ကူလျင်မြန်စေရန် SM Synergy Cloud သည် အသုံးများသော ပြည်တွင်း Mobile Wallet များနှင့် ဘဏ်စနစ်များကို အပြည့်အဝ လက်ခံဆောင်ရွက်ပေးလျက် ရှိပါသည်။
လက်ခံသော ငွေပေးချေမှု စနစ်များ
- KBZPay (KPay): KPay QR Code စကင်ဖတ်၍ဖြစ်စေ၊ ဖုန်းနံပါတ်ဖြင့်ဖြစ်စေ တိုက်ရိုက် ပေးချေနိုင်ပါသည်။
- WavePay: WavePay အကောင့်မှတစ်ဆင့် လွယ်ကူစွာ လွှဲပြောင်းနိုင်ပါသည်။
- ဘဏ်အကောင့်များ (Mobile Banking): KBZ Bank, AYA Bank, CB Bank များ၏ အကောင့်များသို့ တိုက်ရိုက် လွှဲပြောင်းနိုင်ပါသည်။
- နိုင်ငံတကာငွေပေးချေမှု / USDT: ပြည်ပမှ လုပ်ငန်းကြီးများအတွက် သီးသန့် ချိတ်ဆက်ဆောင်ရွက်ပေးပါသည်။
ငွေလွှဲပြီးပါက အတည်ပြုဆောင်ရွက်ပုံ
- Invoice ထွက်ရှိလာပါက စုစုပေါင်း ကျသင့်ငွေနှင့် Invoice ID ကို မှတ်သားပါ။
- မိမိအဆင်ပြေရာ ဘဏ်/Wallet ဖြင့် ငွေလွှဲရာတွင် မှတ်ချက် (Remark/Note) နေရာတွင် Invoice ID ကို ရိုက်ထည့်ပေးပါ။
- ငွေလွှဲပြေစာ (Screenshot) ကို Client Area > Support Ticket (Billing) သို့ ပေးပို့ပေးပါ။
- ငွေစာရင်းဌာနမှ ၅ မိနစ်မှ ၁၅ မိနစ်အတွင်း အတည်ပြုပေးပြီး ဆာဗာကို ချက်ချင်း Activate ပြုလုပ်ပေးပါမည်။
